Function 03 Dec 2020

ဂျပန်စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်သော ရောင်းချထောက်ပံ့ပေးသည့် စတိုး( ဆိုင်) စနစ်၏ အသိအမှတ်ပြု အဖွဲ့ အစည်းတစ်ခု အဖြစ် ကျွန်ုပ်တို့ အသိအမှတ်ပြုခံရခြင်း။

ဂျပန်စားသောက်ကုန်ပစ္စည်းများနှင့်ပတ်သက်သော ရောင်းချထောက်ပံ့ပေးသည့် စတိုး( ဆိုင်) စနစ်၏ အသိအမှတ်ပြု အဖွဲ့ အစည်းတစ်ခု အဖြစ် ကျွန်ုပ်တို့ အသိအမှတ်ပြုခံရခြင်း။ | yathar

yathar Myanmar Co., Ltd. (ရုံးချုပ် - ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ ) ၊ yathar Pte. Ltd. (ရုံးချုပ် - စင်္ကာပူနိုင်ငံ) ၏ရုံးခွဲ၊ မန်နင်းဂျင်းဒါရိုက်တာ - Shunsuke Ichikawa) သည် ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တော နှင့် ရေလုပ်ငန်း ၀န်ကြီးဌာနမှ ချမှတ်ထားသော နိုင်ငံရပ်ခြားမှ ဂျပန်စားသောက်ကုန််ပစ္စည်းများ ထောက်ပံ့သူစတိုးများအဖြစ် အသိအမှတ်ပြုလမ်းညွှန်ချက်များ အပေါ် အခြေခံ၍ ဂျပန်စားသောက်ကုန်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသော နိုင်ငံရပ်ခြားမှ စားသောက်ဆိုင်များနှင့် လက်လီအရောင်းဆိုင်များကို " Japanese Food Supporter Stores" " ဂျပန်စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့သူစတိုး" အဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးသော အသိအမှတ်ပြုသည့်အဖွဲ့အစည်းကို စတင်လုပ်ဆောင်ပြီ ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ဤ အသိအမှတ်ပြုအဖွဲ့အစည်းကို အဖွဲ့အစည်း ၂၃ နှင့် အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၇ ဖွဲ့ ဖြင့် ဖွဲ့စည်းထားပြီး ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့သည် ၃၁ ခု မြောက် အဖွဲ့အစည်း ဖြစ်ပါသည်။

ရလာဒ်အနေဖြင့် ယခုအခါ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အဓိကအနေဖြင့် ဂျပန်အစားအစာ၊ ပါ၀င်ပစ္စည်းများနှင့် အဖျော်ယမကာများကို အသုံးပြု / ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်လီအရောင်းဆိုင်များကို " Japanese Ingredients Supporter Stores" " ဂျပန်အစားအသောက်နှင့် ပါ၀င်ပစ္စည်းများကို ထောက်ပံ့သူစတိုး" အဖြစ် အသိအမှတ်ပြုပေးနိုင်ပါပြီ။
yathar ၏ ၀န်ဆောင်မှုလုပ်ငန်းများကို အသုံးပြုသော ကုမ္မဏီများနှင့် လက်တွဲလုပ်ကိုင်နေသည့် စားသောက်ဆိုင်များထဲမှ စံသတ်မှတ်မှုပုံစံဖြင့် ကိုက်ညီသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအားတက်ကြွစွာအသိအမှတ်ပြုရန်အတွက် ကျွန်ုပ်တို့စီစဉ်ထားပါသည်။

ဤကိစ္စ အကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်များရှိပါက အောက်ဖော်ပြပါ link ကို အသုံးပြု၍ ကျွန်ုပ်တို့အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။
https://yathar.com/contact

- နိုင်ငံရပ်ခြား ဂျပန်အစားအသောက်ထောက်ပံ့သူစတိုး အသိအမှတ်ပြုစနစ်။ (JETRO)
https://www.jetro.go.jp/agriportal/supporter/

- အသိအမှတ်ပြုအဖွဲ့အစည်း စာရင်း။
https://www.jetro.go.jp/agriportal/supporter/organization.html
အသိအမှတ်ပြုအဖွဲ့အစည်းမှတ်ပုံတင်နံပါတ် (J031)