Press release 27 Apr 2018

မြန်မာနိုင်ငံတွင် အနာဂတ်ခြေလှမ်းဖြစ်သော စားသောက်ကောင်းများဝန်ဆောင်မှု(Yathar)စတင်မိတ်ဆက်ခြင်း

မြန်မာနိုင်ငံတွင် အနာဂတ်ခြေလှမ်းဖြစ်သော စားသောက်ကောင်းများဝန်ဆောင်မှု(Yathar)စတင်မိတ်ဆက်ခြင်း | yathar

World Street Myanmar Yathar Co., Ltd. (ရုံးချုပ် -ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ(အောက်မြန်မာပြည်) ရန်ကုန်မြို့၊ မန်နေးဂျင်းဒါရိုက်တာ Shunsuke Ichikawa)သည် Nagata Advertising Co.,Ltd.(ရုံးချုပ် - Aichi စီရင်စု၊ Tsushima မြို့၊ မန်နေးဂျင်းဒါရိုက်တာ Ichiro Nagata)ကို အဓိကအစုရှယ်ရာဝင်ဖြစ်ပြီး ကုမ္ပဏီများ၊ ရင်းနှီးမြုပ်နှံမှုများဖြင့် ၂၀၁၈ ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ တချိန်တည်းတွင် နောက်ဆုံးပေါ်နည်းပညာဖြစ်သော A.I ကိုထည့်သုံးထားပြီး အနာဂတ် စားသောက်ကောင်းများအတွက် ဝန်ဆောင်မှုလုပ်ငန်း ‘Yathar’ ကို မြန်မာနိုင်ငံမှစတင်ခဲ့ပါသည်။
ထို့အပြင် မနေ့က ရန်ကုန်မြို့တွင် ‘Yathar’၏ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါသည်။

■ဝန်ဆောင်မှုခြုံငုံသုံးသပ်ချက်


အိုင်တီဖြင့်နိုင်ငံများကိုဗဟိုပြုပြီး အစားအသောက်ဝန်ဆောင်မှုများသည် အချိန်နှင့်အမျှ အသုံးပြုသည့်ခေတ်ကို ပြောင်းလဲရောက်ရှိလာနေပါသည်။ ဂျပန်ဈေးကွက်တွင် အစားအသောက်ဝန်ဆောင်မှုများတွင် နာမည်အရင်း ဖြင့်အသုံးပြုခြင်း၊ SNS စနစ်ကိုပါထည့်သုံးခဲ့ခြင်းကြောင့် ယုံကြည်မှုပိုမိုရရှိခဲ့ပါသည်။ Yatharတွင် ထိုနည်းပညာ များကိုထည့်သုံးထားရုံမျှမက နည်းပညာအသစ်A.I. ကိုပါ အသုံးပြုထားသောကြောင့် မြန်မာနိုင်ငံ၏စားသောက် ကုန်ဝန်ဆောင်မှုများကိုတိုးတက်လာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။
အထူးသဖြင့် Yathar ၏အစားအသောက်ဆိုင်ရာဝန်ဆောင်မှုမှ ပရိုဖိုင်နှင့် ဓာတ်ပုံများ၊ တည်နေရာ၊ ရာသီဥတု စသည့် အချက်အလက်ကို A.I. ကစီစစ်ပြီး သင့်တော်သော စားသောက်ဆိုင်ကိုဖော်ပြခြင်း၊ SNS နှင့် အမှန်တကယ် အသုံးပြုသူတို့၏ reviewများ ၊ ပြောကြားချက်များ နှင့် ဆက်သွယ်ချက်များက ယုံကြည်မှုကို ပိုမိုတိုးပွားစေပါသည်။
အထက်ဖော်ပြပါနည်းပညာများ ပါဝင်မှုကြောင့် အသုံးပြုသူများအနေဖြင့် နေ့စဉ်နေထိုင်လှုပ်ရှားမှုအပေါ် အခြေခံပြီး အဖော်ပြပေးမှာဖြစ်သည့်အားလျော်စွာ အတွေ့အကြုံသစ်များကိုလည်းရရှိမှာဖြစ်ပါသည်။ ဆိုင်ပိုင်ရှင်များအနေနှင့်လည်း ယုံကြည်စိတ်ချရသော အသုံးပြုသူများ၏ တုံ့ပြန်ချက်များရရှိနိုင်မည့်အပြင် ကူပွန်များထုတ်ပေးနိုင်ခြင်း၊ ဆိုင်၏ review များရရှိလာပါက အချိန်နှင့်အပြေးညီ ပြန်လည်ဖြေကြားပေးနိုင်ခြင်း များရရှိလာမှာဖြစ်သည့်အတွက် ဆိုင်ရှင်များနှင့် စားသုံးသူ/အသုံးပြုသူများအကြား ပိုမိုအဆင်ပြေလာမှာ ဖြစ်ပါ သည်။
အနာဂတ်ဝန်ဆောင်မှုများအဖြစ် blockchain နည်းပညာကိုထည့်သွင်းပြီး point စနစ်များ၊ digital currency စနစ်ဖြစ်သော walletငွေကြေးစနစ်အကောင်အထည်ဖော်ဆောင်သွားမှာ ဖြစ်သည့်အတွက် “ခွဲဝေပေးချေခြင်း” နှင့် “တယောက်ထဲပေးချေခြင်း” အစရှိသည်တို့ကိုစမတ်ဖုန်းတလုံး ရှိရုံဖြင့် လုပ်ဆောင်လာနိုင်မှာဖြစ်ပါသည်။

■မြန်မာနိုင်ငံတွင် အစားအသောက်ကောင်းများအတွက် ဝန်ဆောင်မှုလုပ်ငန်းကိုစတင်လုပ်ကိုင်ရခြင်းအကြောင်း


International Telecommunication Union (ITU) ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်မိုဘိုင်းဖုန်းအသုံးပြု သူရာခိုင်နှုန်းမှာ ၂၀၁၁ခုနှစ် အထိ ၂%သာ ရှိခဲ့ပေမယ့် ၂၀၁၃ခုနှစ်သို့ရောက်ရှိလာခဲ့ချိန်တွင် မိုဘိုင်းဖုန်းလိုင်းကို ပုဂ္ဂလိကလုပ်ပိုင်ခွင့်ဖွင့်ပေးခဲ့သည့်အတွက် ဂျပန်နိုင်ငံအခြေစိုက် KDDI နှင့် Sumitomoတို့ဖြင့်ပူးပေါင်း၍ MPT လည်းကောင်း၊ နော်ဝေနိုင်ငံမှTelenor ကိုလည်ကောင်း၊ ကာတာနိုင်ငံမှ Ooredoo ကိုလည်ကောင်း လုပ်ကိုင် ခွင့်ကို ပြုလုပ်ခွင့်ပေးခဲ့ပါသည်။ ထို့ကြောင့် ITU ၏ ၂၀၁၆ ခုနှစ် ထုတ်ပြန်ချက်တွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၉၅.၆% အထိ တိုးတက်လာခဲ့တဲ့အတွက် WEB နှင့် App ကိုအခြေခံသည့်ဝန်ဆောင်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖြစ်ပေါ်လာခဲ့ပါသည်။
ထိုကဲ့သို့ စမတ်ဖုန်းကို တွင်ကျယ်စွာအသုံးပြုလာသည့်အားလျော်စွာ မြန်မာပြည်သူများအသုံးများသော App မှာ facebook ဖြစ်ပြီး အခြားသော App များကို အသုံးပြုသူများ နည်းပါးသေးတာတွေ့ရပါသည်။ အစားသောက်ကောင်းများအတွက် ဝန်ဆောင်မှုAppများတွင်လည်း “Yathar”နှင့် နည်းပညာတူညီသော ဝန်ဆောင်မှုများ မရှိသေးတာတွေ့ရပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနှုန်းနှင့် နှိုင်းယှဉ် စဉ်းစားကြည့်ပါက စားသောက်ဆိုင်အရေအတွက်များလာတာနှင့်အညီ အပြင်ထွက်စားသုံးသူလူဦးရေလည်း တိုးပွားလာမှာ ဖြစ်ပါသည်။ ထို့ကြောင့် “Yathar” ကမြန်မာနိုင်ငံကို အခြေပြုပြီး အစားသောက်ကောင်းများ အတွက်ဝန်ဆောင်မှုလုပ်ငန်းတွင် နံပါတ်(၁)နေရာကို ရယူမှာဖြစ်ပြီး မြန်မာပြည်သူ/သားများအတွက် အထောက်အကူဖြစ်စေရန်လည်း ရည်ရွယ်ထားပါသည်။

■Nagata Advertising နှင့်ပူပေါင်းရခြင်း ရည်ရွယ်ချက်


အစုရှယ်ယာဝင်ဖြစ်သည့် Nagata Advertising Co.,Ltd. သည် ၂၀၁၄ခုနှစ် တွင် မြန်မာနိုင်ငံရုံးခွဲအဖြစ် Nagata Myanmar Co.,Ltd. ကိုတည်ထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံသားများအတွက် အထောက်အကူဖြစ်စေ နိုင်မည့် (အခြေခံအဆောက်အဦးပြင်ပကြော်ငြာများ) ကိုပြုလုပ်ပေးခြင်း၊ စာတိုက်ပုံးနှင့်ဆက်လျက် ကြော်ငြာ ဆိုင်းဘုတ်များ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကြော်ငြာဆိုင်းဘုတ်များအောက်တွင် အမှိုက်ပုံးများတွဲလျက် ထားရှိခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် Nagata Myanmar Co.,Ltd. အနေဖြင့် Web နှင့်ပတ်သက်သော ဝန်ဆောင်မှုများ အတွက် World Street Myanmar Yathar Co.,Ltd. တွင် အစုရှယ်ယာထည့်သွင့်ပြီး အစားအသောက်ကောင်းများအတွက်ဝန်ဆောင်မှု ဖြစ်သော Yathar ပြန့်ပွားရေး အတွက် ကြော်ငြာလုပ်ငန်းတစိတ်တပိုင်းအဖြစ် ပူးပေါင်းပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

■World Street Myanmar Yathar Co.,Ltd. အချက်အလက်
ကုမ္ပဏီအမည် - World Street Myanmar Yathar Co.,Ltd.
ဝန်ဆောင်မှုအမည် - Yathar (မြန်မာဘာသာစကားမှာ “အရသာ”ကို ဆိုလိုသည်။)
Website – https://yathar.com
တည်နေရာ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရန်ကုန်မြို့
ကိုယ်စားလှယ် – Mr. Shunsuke Ichikawa
Capital - အမေရိကန်ဒေါ်လာ ၅သိန်း
စတင်သည့်နေ့ - ၂၀၁၈ ဖေဖေါ်ဝါရီလ ၁ရက်နေ့

■Nagata Advertising အချက်အလက်
ကုမ္ပဏီအမည် - Nagata Advertising Co.,Ltd.
တည်နေရာ - Aichi ken Tsushima shi Higashiyanagihara chō 5chōme 5banchi 1 gō
ကိုယ်စားလှယ် - စီမံခွင့်နှင့်ပြောရေးဆိုခွင့်ရှိသူ ဥက္ကဌ Ichiro Nagata
Website - https://ad-nagata.com/
ကုမ္ပဏီလုပ်ဆောင်ချက် - စီးပွားရေးဝန်ဆောင်မှုကြော်ငြာများ (အဆောက်အဦးပြင်ပကြော်ငြာဆိုင်းဘုတ်၊ သယ်ယူပို့ဆောင်ရေးကြော်ငြာဆိုင်းဘုတ်၊ သတင်းစာကြော်ငြာ၊ ရုပ်ရှင်ကြော်ငြာ၊ ဒီဂျစ်တယ်ကြော်ငြာ ဆိုင်းဘုတ်၊ ဘတ်စ်ကားမှတ်တိုင်ကြော်ငြာဆိုင်းဘုတ်) များအပြင် (လုံခြုံရေး စနစ်၊ ဗိသုကာဒီဇိုင်း၊ မြေငလျင် စစ်တမ်း၊ လျှပ်စြစ်ပုပြင်ထိန်းသိမ်းခြင်း)

■(အထက်ပါအကြောင်းအရာများကို ဆက်သွယ်မေးမြန်းလိုပါက)
World Street Myanmar Yathar Co.,Ltd.
မခိုင် (ဂျပန်စကား) / မခိုင်ဇာလင်း ( မြန်မာစကား)
ဖုန်း - +၉၅ ၁ ၈၆၁ ၀၇၃၈ E-mail – info@yathar.com