Function 03 Feb 2022

"Smart Order" ကိုအကောင့်ဝင်စရာမလိုဘဲ အော်ဒါတင်နိုင်ပါပြီ။

"Smart Order" ကိုအကောင့်ဝင်စရာမလိုဘဲ အော်ဒါတင်နိုင်ပါပြီ။ | yathar

"yathar Smart Order" ကိုအသုံးပြုသူများသည် အကောင့်ဝင်စရာမလိုဘဲ အော်ဒါတင်နိုင်ပါပြီ။
၎င်းက ဒစ်ဂျစ်တယ် အော်ဒါများကို အသုံးပြုရန် ပိုမိုလွယ်ကူစေသည်။
- Table Order အတွက်သာ အသုံးပြုနိုင်ပါမည်။
- ပါဆယ်ဝယ်ခြင်း၊ ကူပွန်များ၊ ပရိုမိုးရှင်းများ၊ မှာယူမှုမှတ်တမ်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို အသုံးပြုရန် အတွက် အကောင့်ဝင်ရန်လိုအပ်ပါသည်။

ဝန်ဆောင်မှု ခြုံငုံသုံးသပ်ချက်
"Yathar Smart Order" ကို အသုံးပြုလိုသူများသည် ၎င်းတို့၏ကိုယ်ပိုင်စမတ်ဖုန်း (သို့) PC မှတဆင့် ကိုယ်တိုင်မှာယူနိုင်စေမည့် စနစ်တစ်ခုဖြစ်ပြီး စားသောက်ဆိုင်ရှင်များအတွက်လည်း သီးသန့် ကိုယ်ပိုင်အကောင့်ကိုအသုံးပြုကာ အချိန်နှင့်တပြေးညီ အမှာစာများကို အတည်ပြုနိုင်ပါသည်။
ဆိုင်တွင်အသုံးပြုသည့်အခါ၊ သုံးစွဲသူသည် စားပွဲပေါ်တွင်တင်ထားသည့် QR ကုဒ်ကို မိမိ၏စမတ်ဖုန်းဖြင့်ဖတ်ပြီး စမတ်ဖုန်းပေါ်မှဝင်ရောက်၍ပြသထားသည့်မီနူးကိုကြည့်ရှုပြီး အော်ဒါမှာယူနိုင်သည်။ ဆိုင်ဝန်ထမ်းသည် စာရွက် မီနူး စသည်တို့မှ မှာယူရန်ပြင်ဆင်စရာမလိုသည့်အပြင် Social distancing ကိုထိန်းသိမ်းထားသည့် လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာအော်ဒါလက်ခံစရာမလိုဘဲအမှာစာကို လက်ခံနိုင်မည်ဖြစ်သည်။

ထို့အပြင်၊ ဆိုင်ပြင်ပမှအသုံးပြုသည့်အခါ၊ အသုံးပြုသူသည် လက်ခံရရှိသည့်ရက်စွဲနှင့်အချိန်ကိုသတ်မှတ်ခြင်းဖြင့် ကြိုတင်မှာယူနိုင်ပြီး၊ ဆိုင်ဖက်မှလည်းသတ်မှတ်ထားသည့်ရက်စွဲနှင့်အချိန်အတိုင်းချက်ပြုတ်နိုင်ပြီး၊ ချောချောမွေ့မွေ့ ဖြင့်မှာထားသောအော်ဒါပါဆယ်ကိုပြင်ဆင်ပေးထားနိုင်မည်ဖြစ်သည်။
ထို့အပြင်၊ ဆိုင်မှလတ်တလောပေးထားသောပရိုမိုးရှင်းကူပွန်များကိုနည်းပညာစနစ်ဖြင့်ပေါင်းစပ်အသုံးပြုခြင်း၊ ဥပမာအားဖြင့် ပါဆယ်ဝယ်ယူမှုအတွက်သီးသန့်စျေးနှုန်းပြုလုပ်ပေးနိုင်ခြင်း၊ သီးသန့်ထုတ်ပေးထားသော URL ကိုအသုံးပြု၍ SNS မှတဆင့်အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းများကို ပြုလုပ်နိုင်ခြင်း စသည့်အမျိုးမျိုးသော အရောင်းမြှင့်တင်ခြင်းလုပ်ငန်းများအတွက်အထောက်အပံ့ပေးသောစနစ်ကိုအသုံးပြုနိုင်မည်ဖြစ်သည်။
ဤလုပ်ဆောင်ချက်ကို yathar ပရီမီယံပါတနာ၏နောက်ထပ်လုပ်ဆောင်ချက်တစ်ခုအနေဖြင့် ပံ့ပိုးပေးထားပြီး လက်ရှိပါတနာဆိုင်များသည်လည်း မိမိ၏ကိုယ်ပိုင်အကောင့်မှတဆင့် ထပ်တိုးနည်းပညာစနစ်ကို ဝင်ရောက်အသုံးပြုနိုင်ပါသည်။