Press release 01 Sep 2020

yathar သည် ‘ yathar Tech”, System Development, Web Production, Cloud infrastructure တည်ဆောက်ခြင်း အစရှိသော၀န်ဆောင်မှုတိုးချဲ့မှုကိုစတင်မိတ်ဆက်ခြင်း

yathar သည် ‘ yathar Tech”, System Development, Web Production, Cloud infrastructure တည်ဆောက်ခြင်း အစရှိသော၀န်ဆောင်မှုတိုးချဲ့မှုကိုစတင်မိတ်ဆက်ခြင်း | yathar

Yathar Myanmar Co., Ltd. (ရုံးချုပ် - ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရန်ကုန်မြို့ ) ၊ yathar Pte. Ltd. (ရုံးချုပ် - စင်္ကာပူနိုင်ငံ) ၏ရုံးခွဲ၊ မန်နင်းဂျင်းဒါရိုက်တာ - Shunsuke Ichikawa) သည် မြန်မာနိုင်ငံတွင် အသုံးပြုသူ အရေအတွက်အားဖြင့် နံပါတ် ၁ နေရာတွင်ရှိသော အစားအသောက်နှင့် အလှအပဆိုင်ရာ platform တစ်ခုဖြစ်သည့် yathar သည် system development, web production နှင့် cloud inftastructure services တို့ ပါဝင်သော “ yathar Tech” ၀န်ဆောင်မှုကို စတင်ခဲ့ပါသည်။

ဝန်ဆောင်မှုအား ခြုံငုံသုံးသပ်ခြင်း



yathar tech သည် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်ပြည့်၀မှု များနှင့် ၎င်းတို့၏ ဖောက်သည်များ အတွက် system Development, web production and cloud infrastructure construction များကို ဆောင်ရွက်ပေးနေသော yathar ၏ ကိုယ်ပိုင် ( Inhouse)Development Team တို့မှ ရရှိလာသော အသိအမြင် ဗဟုသုတ နှင့် နားလည်သဘောပေါက်မှုများကို အသုံးချထားသော ဝန်ဆောင်မှု တစ်ခုဖြစ်ပါ သည်။
https://yathar.com/tech

အဓိက စွမ်းဆောင်ရည်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁.ကမ္ဘာ့အသိအမှတ်ပြု နည်းပညာဆိုင်ရာ အားသာချက်
yathar သည် မြန်မာနိုင်ငံတွင် အစားအသောက် နှင့် အလှအပဆိုင်ရာ platform တစ်ခု အဖြစ် download ဆွဲသူ အရေအတွက်နှင့် MAU( Monthly Active User) အရေအတွက် အများဆုံးဖြစ်ပြီး အစားအသောက်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အလှအပဆိုင်ရာနယ်ပယ် များကို တစ်ဖန်ပြန်လည်ပိုမိုတိုးတက်ရှင်သန်နိုင်ရန် အတွက် ကြီးမားစွာကူညီ ထောက်ပံ့ပေးနေသော platform တစ်ခုဖြစ်သည်။

( * မြန်မာနိုင်ငံအတွက် “အစားအသောက်” နယ်ပယ်နှင့်ပတ်သက်သော app ကို Google Play Store နှင့် App Store တွင် ထုတ်ဝေပြီး ဖြစ်သည်။ ထိုနေရာတွင်၀င်ရောက်ရှာဖွေကြည့်ရှုပါ။)

၂၀၁၉ ခုနှစ်တွင် Internet Conference မှ ပေးအပ်သော “ Top 50 Tech Companies Award” ကို ရရှိခဲ့ပါသည်။ ထိုဆုသည်နိုင်ငံတကာတွင် နည်းပညာမြင့်သောအိုင်တီကုမ္ပဏီများအတွင်းမှရွေးချယ် ပေးအပ်သောအဖွဲ့မှပေးအပ်သောဆုတံဆိပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုသည်နိုင်ငံတကာမှ အသိအမှတ်ပြုအရည်အသွေး မြင့်သော နည်းပညာများဖြင့် လူကြီးမင်းတို့အတွက် အရည်အသွေး ပြည့်မီစွာပြုလုပ်ပေးမည်ဖြစ်သည်။

၂. သက်သာသောကုန်ကျစရိတ်
မြန်မာနိုင်ငံသည် အင်ဂျင်နီယာ( ပညာရှင်) များအတွက် လုပ်သားစရိတ် သက်သာခြင်းတို့ ကြောင့် ဂျပန်၊ ဥရောပ နှင့် အမေရိကန်နိုင်ငံတို့မှ ကမ်းလွန်ဖွံ့ဖြိုးတိုးတက်မှု၏ ဦးတည်ရာနေရာတစ်ခု အဖြစ် စိတ်ဝင်စားမှုကိုခံနေရပါသည်။
yathar သည်နိုင်ငံတွင်းအင်ဂျင်နီယာများ နှင့် ဂျပန်အင်ဂျင်နီယာများအဓိကအားဖြင့် အဓိကဖွဲ့စည်းထား ခြင်းကြောင့်နိုင်ငံတကာအဆင့်မီထုတ်ကုန်များကိုဖန်တီးပြုလုပ်နိုင်မည်အပြင် ပြည်တွင်းအင်ဂျင်နီယာများ ဖြင့်တီထွင်ဖန်တီးသောကြောင့်ကုန်ကျစရိတ်သက်သာသည့်အပြင်အရည်အသွေးမြင့်မားစွာပြုလုပ်နိုင်မည် ဖြစ်သည်။

၃. စည်းစနစ်ကျသောနည်းပညာဒီဇိုင်းတည်ဆောက်မှု
yathar သည်နိုင်ငံတကာဒီဇိုင်းပညာရှင်များမှစုပေါင်းထားသောနည်းပညာများဖြင့်၀န်ဆောင်မှုပေးလျက်ရှိ ပါသည်။ ထိုနည်းပညာများကိုအသုံးပြုခြင်းဖြင့် နိုင်ငံတကာသို့တိုးချဲ့ရန်အတွက်စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ငုတ်လျိုနေမှုများကိုဖယ်ရှားခြင်းနှင့်CDN၊ ထောင့်ပေါင်းစုံဖြင့်ဆာဗာတည်ဆောက် ရေးနှင့်အခြေခံနည်းပညာစနစ်များအတွက် နိုင်ငံတကာအဆင့်မီ သင့်၏စိုးရိမ်နေသောြပဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ လုပ်ငန်းအတွက်လိုအပ်သောနည်းပညာစံနှုန်းများကိုအသုံးပြုပြီး AWS, Azure, GCP အစရှိသော Cloud ၀န်ဆောင်မှုနည်းပညာများကိုအသုံးပြုခြင်းဖြင့် နိုင်ငံတကာသို့ထိုးဖောက် ၀င်ရောက်နိုင်မည့်အကောင်းဆုံး၀န်ဆောင်မှုကိုပေးသွားမည်ဖြစ်သည်။

yathar သည် မြန်မာနိုင်ငံမှ တစ်ကမ္ဘာလုံးဆီသို့ နည်းပညာဆိုင်ရာဦးဆောင်နေသော ကုမ္မဏီတစ်ခု အနေဖြင့် ဝန်ဆောင်မှုအသုံးပြုသူများနှင့် လူမှုပတ်ဝန်းကျင်၏ အကျိုးစီးပွားတိုးတက်မှုကို ရှေးရှုပြီး ဝန်ဆောင်မှုများကို ဆက်လက်ထောက်ပံ့ပေးနေမည် ဖြစ်ပါသည်။

ကုမ္ပဏီအကျဉ်းချုပ်



・ဝန်ဆောင်မှုအမည် : Yathar (မြန်မာဘာသာစကားမှာ “အရသာ”ကို ဆိုလိုသည်။)
・Website:https://yathar.com

yathar Pte. Ltd.
တည်နေရာ - 8 Wilkie Road #03-01, Wilkie Edge Singapore 228051
ကိုယ်စားလှယ် - Mr. Shunsuke Ichikawa
Capital - အမေရိကန်ဒေါ်လာ ၈၉.၅ သိန်း
စတင်သည့်နေ့ - ၂၀၂၀ခုနှစ် ဧပြီလ

yathar Myanmar Co., Ltd.
တည်နေရာ - အမှတ်(၁၇)၊ ၅လွှာ၊ ကွက်သစ်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ကိုယ်စားလှယ် - Mr. Shunsuke Ichikawa
Capital - အမေရိကန်ဒေါ်လာ ၁၀သိန်း၆သောင်း
စတင်သည့်နေ့ - ၂၀၁၈ခုနှစ် ဖေဖေါ်ဝါရီလ

(အထက်ပါသတင်းနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက)


yathar Myanmar Co., Ltd.
တာဝန်ခံ - မခင်မြင့်မြင့်ခိုင်
ဖုန်း - +၉၅ ၁ ၈၆၁ ၀၇၃၈
အီးမေး(လ်) – info@yathar.com